လူတိုင်းအတွက် အင်တာနက်

အင်တာနက်လုပ်ငန်းများ စတင်လုပ်ကိုင်သည့် အချိန်ကတည်းက ကျွန်တော်တို့ဟာ "လူတိုင်းအတွက် အင်တာနက်" ဆိုတဲ့ ကော်ပရေးရှင်းဆောင်ပုဒ်နှင့်အတူ အင်တာနက်ကို ပျော်ရွှင်စွာ အသုံးပြုရင်း အင်တာနက်ဝန်ဆောင်မှုသစ်ယဉ်ကျေးမှုများ၊ ထုတ်လုပ်မှုလုပ်ငန်းများ၊ ထို့အပြင် အသုံးပြုသူများ၏ အပြုံးများ၊ စိတ်လှုပ်ရှားဖွယ်ရာများရရှိခံစားနိုင်စေရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါသည်။

spirit venture

ကျွန်တော်တို့မှာ အင်တာနက်လုပ်ငန်း စတင်လုပ်ကိုင်သည့် 1995ခုနှစ်ကတည်းက
ဝန်ထမ်းအားလုံး တူညီစွာထားရှိထားသည့် ခံယူချက်ရှိပါသည်။ ထိုခံယူချက်မှာ "အိပ်မက်" "အမြင်" "သဘောထားခံယူချက်" စသည့် မပြောင်းလဲသည့် စဉ်းစားနည်းသုံးချက်ဖြင့် အင်တာနက်လုပ်ငန်းများ စတင်လုပ်ကိုင်သည့်အချိန်မှစပြီး ကုမ္ပဏီဖွံ့ဖြိုးတိုးတက်လာစေရန် ပြင်ဆင်ဆောင်ရွက်ချက်များ၊ ထပ်မံဖြည့်စွက်ခြင်းများ၊ အခြေခံအပြုအမူသဘောတရားများ၊ "business mind" နည်းဥပဒေသများဖြင့် တည်ဆောက်ထားပါသည်။

spirit venture

အိပ်မက်

ဘယ်အရာ ဖန်တီးပေးချင်တာလဲ။

အင်တာနက်လုပ်ငန်းများထဲတွင် အကောင်းဆုံး နံပါတ်တစ်ဖြစ်ချင်ပါသည်။ ပျော်ရွှင်စေရမယ်၊ အောင်မြင်အောင်လုပ်မယ်၊ နံပါတ်တစ်ဖြစ်ရမယ်။ ကျွန်တော်တို့တွေအတွက် ပျော်ရွှင်မှုဆိုတာက စိတ်အေးချမ်းတဲ့အခါ၊ စိတ်ကျေနပ်တဲ့အခါ၊ ၊ ရည်မှန်းချက်ပြည့်တဲ့အခါတွေ ဖြစ်ပါသည်။
ကျွန်တော်တို့တွေအတွက် အောင်မြင်မှုဆိုတဲ့အရာမှာ ပစ္စည်းဥစ္စာရော စိတ်နှလုံးပါ ချမ်းသာပြီး အပြုံးများ၊ စိတ်လှုပ်ရှားဖွယ်ရာများကို ရရှိခံစားရင်းနဲ့ လူ့ဘဝကို ပြီးပြည့်စုံစေခြင်းပဲဖြစ်ပါသည်။ ကျွန်တော်တို့အတွက် ပထမဆိုတဲ့အရာက တခြားဟာတွေနဲ့ယှဉ်ကြည့်တာမဟုတ်ပဲ မိမိကိုယ့်ကို မိမိပြန်ယှဉ်ပြိုင်နေတာ ဖြစ်ပါသည်။

ကျန်းမာရေး၊ စိတ်ဓာတ်၊ ပြုစုပျိုးထောင်ခြင်းစတဲ့ အခြေခံအဆင့်၊ လူ့ဘောင်တွင်းသွားလာနေထိုင်ရေး၊ မိသားစုစားဝတ်နေရေးအဆင့်၊ စီးပွားရေးရလဒ်အဆင့်အစရှိသည့် နယ်ပယ်အားလုံးတွင် ညီမျှှမှုှရှိသည့် လူူအားလုံးကို

အိပ်မက်

အမြင်

ဘယ်နေရာကနေ စီးပွားရေးအခွင့်အလမ်းများ ရရှိနိုင်လဲ။

ဒစ်ဂျစ်တယ်လ်သတင်းအချက်များ တခေတ် ပြန်လည်တိုးတက်လာသည့်အချိန်တွင် အင်တာနက်အတွက် infrastructureများ၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများ တနည်းအားဖြင့် internet placeများအတွက် လိုအပ်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အရင်းအမြစ်များစွာ ပြုလုပ်ဆောင်ရွက်ပေးပြီး သုံးစွဲသူများ အပြုံးနှင့် စိတ်လှုပ်ရှားဖွယ်ရာများရရှိခံစားရမည်ဆိုလျှင် အကျိုးကျေးဇူးကြီးမားစွာ ရရှိစေမည်ဖြစ်ပါသည်။

အမြင်

သဘောထားခံယူချက်

ဘာအတွက်ကြောင့် တည်ရှိနေတာလဲ။

ကျွန်တော်တို့၏ ဆောင်ရွက်ချက်များမှာ အင်တာနက်ကို ပျော်ရွှင်စွာ အသုံးပြုရင်း အင်တာနက်ဝန်ဆောင်မှုသစ်ယဉ်ကျေးမှုများ၊ ထုတ်လုပ်မှုလုပ်ငန်းများ၊ ထို့အပြင် အသုံးပြုသူများ၏ အပြုံးနှင့် စိတ်လှုပ်ရှားဖွယ်ရာများရရှိခံစားနိုင်စေရန် ပြုလုပ်ပေးမည့် လူ့ဘောင်အဖွဲ့အစည်းနှင့် လူတိုင်းကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။

သဘောထားခံယူချက်

အသုံးပြုလိုသည့် နိုင်ငံကို ရွေးချယ်ပေးပါ။